အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် SIP Awards ယမကာပြိုင်ပွဲကြီးမှာ Mandalay Export Rum က SIP Awards 2020 (Platinum) ပလက်တီနမ်တံဆိပ်တစ်ခုနဲ့ Mandalay White Rum က SIP Awards 2020 (Double Gold) နှစ်ထပ်ကွမ်း ရွှေတံဆိပ်တစ်ခု ထပ်မံ ဆွတ်ခူးရရှိခဲ့ပါတယ်။
ဒီပြိုင်ပွဲကြီးကို နိုင်ငံတကာက ယမကာအမှတ်တံဆိပ် (၈၀၀) ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး Mandalay Export Rum နဲ့ Mandalay White Rum တို့ကတော့ မြန်မာနိုင်ငံအတွက် မြန်မာ့ကိုယ်စားပြု ဂုဏ်ယူစရာ ဆုတံဆိပ်များကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပါတယ်။